ဒီဃနိကာယ် မှ မဟာသတိပဋ္ဌာနသုတ် ၊ ခုဒ္ဒကနိကာယ် မှ ပဋိသမ္ဘိဒါမဂ် ၊ သံယုတ္တနိကာယ် ၊ အင်္ဂုတ္တရနိကာယ် တို့ တွင် ပါဝင်သော သုတ္တန် များမှ နည်းယူ၍ လည်းကောင်း

သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာ များ ဖြစ်ကြသော ဓမ္မာစရိယ အထူးပြုသော ဆရာတော်ကြီးများ ကမ္မဋ္ဌာနာစရိယ အထူးပြုသော ဆရာတော်ကြီးများ ၏ ကောင်းသော နည်းစနစ်များ ကို အသုံးပြု နည်းယူ၍

သံယုတ္တနိကာယ် သဠာယတနဝဂ္ဂသံယုတ် တွင် ပါသော မာလုကျပုတ္တသုတ် နှင့် ဗာဟိယသုတ် အရ

ဒိဋ္ဌေ ဒိဋ္ဌ သုတေ သုတ မုတေ မုတ ဝိညာဏ်တေ ဝိညာဏ်တ

မြင် မြင်ကာမျှ ကြား ကြားကာမျှ တွေ့ တွေ့ကာမျှ ကြံတွေးသိ ကြံတွေးသိကာမျှ ဟူသော

ရှု့ မှတ် နည်း တစ်မျိုးတည်း ကို သာ အသုံးပြုပါသည်။